သုံးခွမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ပြုလုပ်

သုံးခွ အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် သုံးခွမြို့နယ်အတွင်းရှိ Grade-5 မှ Grade-9 ကျောင်းသား၊ ကျောင်းသူများအား အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက် နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

အင်္ဂလိပ်စာစွမ်းရည်ဖြေဆိုရာတွင် Grade-5 ဖြေဆိုသူ ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၁၄ ဦး၊ Grade-6  ဖြေဆိုသူ ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၁၄ ဦး၊ Grade-7 ဖြေဆိုသူ ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၁၄ ဦး၊ Grade-8 ဖြေဆိုသူ ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၁၄ ဦးနှင့် Grade -9 ဖြေဆိုသူ ကျောင်းသား ၁၃ ဦး၊ ကျောင်းသူ ၁၄ ဦးနှင့် သင်္ချာစွမ်းရည်ဖြေဆိုရာတွင် Grade-5 ဖြေဆိုသူ ကျောင်းသား၁၄ ဦး၊ ကျောင်းသူ ၁၄ ဦး၊ Grade-6​ ဖြေဆိုသူ ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၁၄ ဦး၊ Grade-7 ဖြေဆိုသူ ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၁၄ ဦး၊ Grade-8 ဖြေဆိုသူ ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၁၄ ဦး၊ Grade-9 ဖြေဆိုသူ ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၁၄ ဦး စုစုပေါင်းအင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၂၇၉ ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ဖြေဆိုရာသို့ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမ​ကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စည်သူလင်း