တာမွေမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

တာမွေ အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း၌ အောက်တိုဘာ ၁၃ ရက်နံနက်ပိုင်းအချိန်က မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ တာမွေမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တာမွေမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးညီညီက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ခိုင်ဝင်းက အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများအတွက် တူညီဝတ်စုံများကိုပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။

အဆိုပါသင်တန်းတွင် တာမွေမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်တပ်ဖွဲ့သမိုင်းကြောင်းများ၊ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်()ရပ်နှင့် လုပ်ငန်းစဉ်()ရပ်၊ မီးသတ်ဆေးဘူးနှင့် မီးငြှိမ်းသတ်ရေး စက်ကိရိယာအမျိုးမျိုး၊ စက်ယန္တရားအမျိုးမျိုးအား လက်တွေ့အသုံးပြုနည်းစနစ်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် သတ်တပ်ဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာတွင် အဓိကစစ်ဆေးဆောင်ရွက်ရမည့်အချက်များ၊ ရေအကြောင်းနှင့် ရေဂါလန်တွက်နည်းများ၊ မီးသတ်တပ်ဖွဲ့ဥပဒေ/ နည်းဥပဒေများ၊ ရှေးဦးသူနာပြုစုနည်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၊ ကျေးလက်ဒေသမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့မှ နိုဝင်ဘာလ()ရက်နေ့အထိ ရက်သီတင်းပတ်လေးပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး တာမွေမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးငြှိမ်းသတ်ရေးပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များ ကျွမ်းကျင်တတ်မြောက်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)