ပေါင် အောက်တိုဘာ ၁၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စျေးကွက်အတွင်း “အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်(၉)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က မြို့ပေါ် ရပ်ကွက် ( ၄ ) ခု၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးအောင်မျိုးနှင့် တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်းတွင် “သင့်သောက်အချိုရည်အမျိုးမျိုး” ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြရာ အဆိုပါစျေးကွက်အတွင်း “အသင့်သောက်အချိုရည်အမျိုးမျိုး” ရောင်းချခြင်းမတွေ့ရှိရဘဲ ကုန်ညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်ပါရှိသော “အသင့်သောက်အချိုရည်အမျိုးမျိုး”ရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးချက်အရသိရသည်။
မွန်မလေး(ပြန်/ဆက်)