တာချီလိတ်မြို့၌ မဲဆန္ဒရှင်အမည်စာရင်းပါဝင်ရေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

တာချီလိတ် အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မဲဆန္ဒရှင်အမည်စာရင်းပါရှိရေးဆောင်ရွက်ရမည့် နည်းဥပဒေများအား  ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုန်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေဝင်းက ပုံစံ(၃)၊ ပုံစ(၃-က)များဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းရန်ဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေး ခဲ့သည်။ အတွေးရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူရက တာချီလိတ်မြို့နယ်တွင် အိမ်ထောင်စုရှိပြီး မဲစာရင်းတွင် အမည်စာရင်းမပါရှိပါက အမည်စာရင်းထည့်သွင်းပေးရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ လျှောက်ထားရမည့် တောင်းဆိုလွှာပုံစံ အဆင့်ဆင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်ကို မေးမြန်းဖြေကြားခြင်း ဆောင်ရွက်ခဲ့ကြသည်။

တာချီလိတ်မြို့နယ်၌ (၃၀-၉-၂၀၂၅) ရက်နေ့မှ (၂၀-၁၀-၂၀၂၅) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့်ကျေးရွာများတွင် မဲစာရင်းများ ကပ်ထားကြေညာထားရှိခဲ့ပြီး၊ မဲဆန္ဒရှင် စာရင်းတွင် မဲစာရင်းမပါရှိပါက ဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေပါ နည်းလမ်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အသိပေးရှင်းလင်းခြင်း နှင့်မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေးအတွက် မဲစာရင်းတွင် အမည်စာရင်းထည့်သွင်းပေးရန် တောင်းဆို့ရမည့်လျှောက်လွှာပုံစံ (၃)၊ ပုံစံ(၃-က)၊ ပုံစံ(၃-ခ) တို့အား အခမဲ့  ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။

အေးအေးလတ်