မိုင်းရယ်မြို့နယ်ရှိ မန်ပုံကျေးရွာအုပ်စုနှင့် မန်ဖျက်ကျေးရွာများရှိမဲရုံများတွင် MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား အသိပညာပေးခြင်းဆောင်ရွက်

မိုင်းရယ် အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့သည် မန်ပုံကျေးရွာအုပ်စုနှင့် မန်ဖျက်ကျေးရွာများရှိမဲရုံများတွင် MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား အသိပညာပေးပွဲကို ယမန်နေ့နံနက်(၉) နာရီစ၍ မန်ပုံကျေးရွာအုပ်စု၊ အ.လ.က (ခွဲ)မန်ပုံ မဲရုံအမှတ်(၁) မဲပေးခြင်းသရုပ်ပြခြင်းနှင့် အသိပညာပေးခြင်းကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး မန်ဖျက်ကျေးရွာအုပ်စုရှိ အ.လ.က(မန်ဖစ်)မဲရုံ၊ ခလရ(၂၂)တပ်တွင်း မဲရုံများတွင်လည်း MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား အသိပညာပေးပွဲကိုပြုလုပ်ရာ ပြည်သူများအား MEVM စက်ဖြင့် လက်တွေ့မဲပေးခြင်းဆိုင်ရာများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ပြန်/ဆက်ဉီးစီးအရာရှိက မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် ပြောကြားပြီး တက်ရောက်လာသည့် ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

ထိုသို့လက်တွေ့စမ်းသပ်မဲပေးခြင်းကို ကျေးရွာအုပ်စုများရှိ ကျေးရွာဘက်စုံသုံးခန်းမများတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)