ဖယ်ခုံ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြစို့ အသိပေးပိုစတာကို အောက်တိုဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ ဖယ်ခုံမြို့ ပြည်ထောင်စုလမ်းမအဝိုင်းပတ် ဘေးနေရာ၌ပြည်သူများ ကျယ်ကျယ်ပြန့် ပြန့်သိရှိနိုင်ရေးအတွက် စိုက်ထူထားကြောင်း သိရသည်။
အဆိုပါအသိပေးမြေစိုက် ပိုစတာစိုက်ထူခြင်းတွင် ဖယ်ခုံမြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)