မိုင်းရှူးမြို့နယ်၌ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကွင်းဆင်းဆောင်ရွက်

မိုင်းရှူး အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီခွဲအချိန်က အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက စာဖတ်ခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများအကြောင်း ပြောကြားပြီး သုတ/ရသများ၊ မဂ္ဂဇင်းများနှင့်ဝတ္ထုစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများအား ငှားရမ်း ပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး၊ စာဖတ်ကြပါစို့ စာအလွယ်မှတ်နည်း နှင့်ကျန်းမာရေးဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းလူ