ရမည်းသင်းမြို့နယ်၊ အင်းဇင်း အ-မ-က(မူလွန်) ကျောင်း၌ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကျင်းပ

ရမည်းသင်း အောက်တိုဘာ  ၁၅

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို အောက်တိုဘာ  ၁၄ ရက်နေ့ မွန်းလွဲပိုင်းက အ​င်းဇင်း အ-မ-က(မူလွန်)​ကျောင်း၌  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက  ကလေးများကို ငယ်စဉ်ကစ လိမ္မာယဉ်ကျေးသူများဖြစ်အောင် စာဖတ်ကြဖို့လိုပါကြောင်း၊ ငယ်စဉ်ကစကောင်းသော အပြုအမူ၊ ကောင်းသောအလေ့အကျင့်ပျိုး​ထောင်မှသာ အနာဂတ်တွင် လိမ္မာယဉ်ကျေးသော လူတော်လူကောင်းများဖြစ်လာမည်ဖြစ်ပါကြောင်းနှင့် ယခုငယ်ရွယ်စဉ်အချိန်မှစ စာဖတ်သည့်အလေ့အကျင့်​ကောင်းများမွေးမြူကြရန် ဆွေးနွေးပြောကြားခဲ့ပြီး ကလေးများအားစာဖတ်ခြင်းအကျိုးနှင့်လျှပ်စစ်အန္တရာယ်အသိပညာပေးနံရံစာစောင်များမှ ဖတ်မှတ်မိသည့်အချက်များအား ဆွေးနွေးစေခဲ့ကာ ဆုလက်ဆောင်များချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ/ရသ စာအုပ်စာစောင်များကို ပြသခဲ့ပြီး စာဖတ်ဝိုင်းများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)