လဲချားမြို့နယ်တွင်ကျောင်းအခြေပြု ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဆောင်ရွက်

လဲချား အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် ကျောင်းအခြေပြုကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို အ.ထ.က(လဲချား)တွင် အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မောင်နွယ်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများသည် KG ကျောင်းသား၊ ကျောင်းသူများအား DT ကာကွယ်ဆေး (ဆုံဆို့နာရောဂါ၊မေးခိုင်ရောဂါ) နှင့်(၉ နှစ်မှ ၁၀ နှစ်) ကျောင်းသူများအား HPV (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အခြေခံပညာကျောင်းများသို့ အလှည့်ကျ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်‌‌ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)