မိုင်းရှူး အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်ဘာသာရပ်နှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မိုင်းရှူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade(5)မှ Grade(9) အထိ အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၄၂)ဦးနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူ(၅၄)ဦး၊ စုစုပေါင်း(၉၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်ပညာရေးမှူးဦးအေးဝင်း၊ မြို့နယ်ပညာရေးမှူး ဦးတင့်ဇော်ထူးနှင့် တာဝန်ရှိဆရာ/ ဆရာမများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် အညီစနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)