လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်း‌ကြေညာထားရှိ၊ သီးနှံများပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အသိပညာပေးသင်တန်းများဖွင့်လှစ်

လယ်ဝေး အောက်တိုဘာ ၁၄

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာတွင် မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှု၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံများ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အသိပညာပေးသင်တန်း ဖွင့်လှစ်နေမှုနှင့် အေလာ‌ကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့် အတူလယ်ဝေးမြို့နယ် ဝက္ကမူကျေးရွာတွင် တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မဲစာရင်းများမဲရုံများ သွားကြည့်ရန်၊ မဲပေးခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရန် မဲစာရင်းများသွားကြည့်ကြရန် ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက၍ဝက္ကမူကျေးရွာ KC တွင် ဖွင့်လှစ်သည့် ‌သီးနှံများပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အသိပညာပေးသင်တန်းဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေးကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ယခုသင်တန်းတွင် သင်ကြားပေးသည့် နည်းစနစ်များကို လက်တွေ့အသုံးပြုခြင်းဖြင့် တောင်သူများစိုက်ပျိုးထုတ်လုပ်သည့် သီးနှံများ အရည်အသွေးပြည့်မီပြီး နိုင်ငံတကာဈေးကွက်ဝင်သည့် တန်ဖိုးမြင့်ထွက်ကုန်များ ဖြစ်လာမည် ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများနှင့် စနစ်တကျ စိုက်ပျိုးပြီးသည့်အချိန် သွင်းအားစုများထည့်သွင်းရာတွင်လည်း စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ လမ်းညွှန်သည့် နည်းစနစ်များအတိုင်း လိုက်နာသုံးစွဲခြင်းဖြင့် သီးနှံများအထွက်နှုန်းတိုးကာ  မိမိတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ဒေသခံတောင်သူများ တင်ပြသည့် လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်သည် အေလာကန်ရေသောက်စနစ်ဖြင့် စိုက်ပျိုးထားသည့် အေလာကွင်း၊ ကွင်းအမှတ် ၁၇၃၅၊ တောင်သူ ဦးသန်းဝင်းအောင်၏ နှံကောက်မိုးစပါးစိုက်ဧက ၁၀ဧက တွင် စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးရာတစ်ဧက (အစို) ၁၃၁.၅ တင်းထွက်ရှိပြီး ၎င်းလယ်မြေများတွင် ယခင်နှစ်များက ဆောင်းသီးနှံအဖြစ် မတ်ပဲစိုက်ပျိုးခဲ့ကာ ယခုမိုးစပါး ရိတ်သိမ်းပြီးပါက သီးနှံအပြောင်းအလဲဖြစ်စေရန်အတွက် အစေ့ထုတ်ပြောင်းများ စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)