မိုးနဲ အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားနပ်ရိက္ခာ ဆန်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးသန်းစိုးနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ရှင်းလင်းပြောကြားခဲ့ကြပြီး မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးတိုးလှက စားနပ်ရိက္ခာ ဆန်ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု ၉၀ စု တို့မှ လူဦးရေ ၄၂၄ ဦးတို့အတွက် ဆန် ၁၇၀ အိတ်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ယာယီနေရပ်စွန့်ခွာ ပြည်သူများက လက်ခံရယူခဲ့ကြောင်းသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)