နေပြည်တော် အောက်တိုဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ၊ အေးချမ်းသာယာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူများ၏ အောင်နိုင်တိုး မိုးစပါးများ ရိတ်သိမ်းနေမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိမှု ရှိ/မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှု့ရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်၊ ပုဗ္ဗသီရိမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက မိုးစပါးရိတ်သိမ်းနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက လိုအပ်သည်များမှာကြားကာ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)