အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ဌာနချုပ် မဟာသန္တရံသီ‌စေတီတော်ရင်ပြင်ရှိဓမ္မာရုံတွင် (၅)ရက် တိုင်တိုင်ကျင်းပခဲ့သည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်၍ ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ

ခိုလမ် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မဟာသန္တရံသီ‌စေတီတော်ရင်ပြင်ရှိဓမ္မာရုံတွင် တိုင်းစစ်ဌာနချုပ်ကကြီးမှူး၍ (၅) ရက် တိုင်တိုင်ကျင်းပခဲ့သည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲက အဆိုပါစေတီတော်မြတ်ကြီး ပရိဝုဏ်ရှိဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယတိုင်းမှူး၊ ဗိုလ်မှူးချုပ် အောင်ကိုဝင်း ဇနီးနှင့်တာဝန်ရှိသူများသည် မဟာသန္တရံသီ‌ စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး၊ ဆရာတော်၊ သံဃာ တော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်နှင့် ဧည့်ပရိသတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မဟာ ဗောဓိကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဦးဝိမလထံမှ ငါးပါးသီလခံယူဆောက်  တည်၍ ပရိတ်တရားတော်များ  နာယူကြည်ညိုကြသည်။

ယင်းနောက် ခိုလမ်မြို့၊ မဟာဗောဓိကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဦးဝိမလက ပဋ္ဌာန်းအောင်ဂါထာကိုရွတ်ဖတ်ပူဇော်ပြီး ဒုတိယတိုင်းမှူး၊ ဗိုလ်မှူးချုပ် အောင်ကိုဝင်း၊ ဇနီးနှင့် တာဝန်ရှိသူများတို့က ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ခိုလမ်မြို့၊ မဟာဗောဓိကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဦးဝိမလထံမှ အနုမောဒနာတရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ခိုလမ်မြို့ ဒီပါအေးမြရွှေမုဋ္ဌောကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဦးပညာဝံသ က နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)