ကျိုက်ထို စက်တင်ဘာ ၁၄
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး ကင်းစင်ကျောင်းများ အရှိန်အဟုန်မြှင့်တင်ရေး အသိပေးဆွေးနွေးပွဲကို စက်တင်ဘာ ၁၃ ရက်နံနက် ၁၀ နာရီတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ခွန်မောင်အိုးက အဖွင့်အမှာစကားပြောကြားပြီးကျန်းမာရေးမှူးအဆင့်(၁)ဦးထွန်းညီညီနှင့် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သော်တာစိုးတို့က ဆေးလိပ်ဆေးရွက်ကြီးထွက် ပစ္စည်းများ၊ ဆေးလိပ်အစားထိုးပစ္စည်းများ၊ ဆေးလိပ်ငွေ့အန္တရာယ်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲခြင်းကြောင့်ရရှိနိုင်သောရောဂါများ၊ ဆေးလိပ်ဖြတ်ခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ(၈၄)ဦး တက်ရောက်ပြီး အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)