မိုင်းရယ် အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို နားလီကျေးရွာ အ-မ-က(နားလီ)တွင် အောက်တိုဘာ ၁၃ ရက်နေ့ နေ့လယ် (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အ-မ-က(နားလီ)တွင် မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဉီးစီးအရာရှိ ဒေါ်ခင်မာလာက စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲအဖြစ် စာဖတ်ခြင်း အကျိုးကျေးဇူးအကြောင်းကို ဟောပြောသည်။ ယင်းနောက် နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်စာစောင်ဖတ်ရှုစေခြင်း၊ ငှားရမ်းပေးခြင်းကိုပြုလုပ်ပြီး မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်ကို ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)