မှော်ဘီမြို့နယ်၌ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကျင်းပ

မှော်ဘီ(ရန်ကုန်) အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် မီးသတ်စခန်း၌ အရန်မီးသတ်တပ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်တွင် မှော်ဘီမီးသတ်စခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မှော်ဘီမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်က သင်တန်းအဖွင့်အဖွင့်အမှာစကား​ပြောကြားရာတွင် သင်တန်းသားများအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက သန္ဓေတပ်ဖွဲ့ဝင်များနှင့်  လက်တွဲကာပူးပေါင်း၍ စနစ်တကျ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လူမှူရေးလုပ်ငန်းများတွင်  တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် သတိတရား၊ သစ္စာတရား၊ သတ္တိတရားများနဲ့ ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်သွားကြဖို့နဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တိုင်း စွမ်းရည်(၄)ရပ်၊ နာ(၅) နာနဲ့ ပြည့်စုံအောင် အမြဲကြိုးပမ်းသွားကြရန် မှာကြားခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းသား(၅၀)ဦးဖြင့် အောက်တိုဘာ ၁၃ ရက်နေ့မှ နိုဝင်ဘာ၇ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတွင် မီးသတ်ပညာဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးပညာဘာသာရပ်နှင့် ရှေးဦးသူနာပြုစုခြင်းပညာဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မှော်ဘီမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ထွန်းနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော် ပြန်/ဆက်