အလုံ အောက်တိုဘာ ၁၃
အလုံခရိုင်၊ အလုံမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ Billboard ဆိုင်းဘုတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဧရာဝတီရပ်ကွက်၊ ကမ်းနားလမ်း၊ သခင်မြပန်းခြံလမ်းထောင့်နှင့် စောရန်ပိုင်တောင်ရပ်ကွက်၊ ငုဝါလမ်းနှင့် သစ်တောလမ်းထောင့်နှင့် လူစည်ကားရာနေရာများတွင် အောက်တိုဘာ (၉) ရက်နေ့ နံနက် ၆နာရီခွဲ အချိန်ခန့်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ Billboard ဆိုင်းဘုတ်ကို ဧရာဝတီရပ်ကွက်၊ ကမ်းနားလမ်း၊ သခင်မြပန်းခြံလမ်းထောင့်တို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များကလည်းကောင်း၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ ငုဝါလမ်းနှင့် သစ်တောလမ်းထောင့်တို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များကလည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်ပြီး စောရန်ပိုင်တောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အ.ထ.က (၅) ကျောင်းနှင့် ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းလမ်း၊ ကွင်းကျောင်းအားကစားကွင်းတို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၆၅) ဦးဖြင့် ဆိုင်းဘုတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယောဧရာ (မြို့နယ်ပြန်/ဆက်)