အလုံ အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ်ကြေညာထားရှိမှုအား ပြည်သူများလာရောက်ကြည့်ရှုနေမှုနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ၏ဆောင်ရွက်ပေးနေမှုများကို အောက်တိုဘာလ ၁၀ ရက်နေ့ညနေပိုင်းက သက်ဆိုင်ရာ တာ၀န်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားရှိသည့် မဲစာရင်းများအား လာရောက်ကြည့်ရှုသူ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်ရန် ဆောင်ရွက်ထားရှိမှုများ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး ဆောင်ရွက်ပေးနေမှု များနှင့် မဲဆန္ဒရှင်ပြည်သူများအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ယောဧရာ