ကျေးသီး အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ကျေးသီးမြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းဖွင့်ပွဲအခမ်းအနားကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးက သင်တန်းဖွင့်အမှာ စကားပြောကြားပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ ဒုတိယ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဥာဏ်ထွန်းတို့က အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ဌာနဆိုင်အကြီးအကဲများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၆၇)ဦး တက်ရောက်ကြပြီး သင်တန်းကို အောက်တိုဘာ(၁၃)ရက်နေ့မှ နိုဝင်ဘာ(၇)ရက်နေ့အထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)