ချမ်းအေးသာစံ အောက်တိုဘာ ၁၃
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊ မန္တလေးဇုန်(ဇုန် - ၁) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုကာ ဖွင့်လှစ်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားအဓိဌာန် ရွတ်ဆိုခဲ့ကြသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများသည် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှူတ်ဆက်ကာ အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် မိတ္ထီလာပညာရေးဒီဂရီကောလိပ်၊ မန္တလေးပညာရေးဒီဂရီကောလိပ်နှင့် စစ်ကိုင်းပညာရေးဒီဂရီကောလိပ်များမှ ကျောင်းသူလေးများက Areobic နှင့် Fitness Dance များဖြင့် တင်ဆက်ခဲ့ကြပြီးအခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြသည်။
ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မန္တလေးဇုန်(ဇုန်-၁) အားကစားပြိုင်ပွဲအား အားကစားနည်းလေးမျိုးဖြင့် ပြိုင်ပွဲဝင် အားကစားအသင်း(၉) ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ရာ ပြိုင်ပွဲကာလမှာ (၉.၁၀.၂၀၂၅) မှ (၁၉.၁၀.၂၀၂) အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့(ပြန်/ဆက်)