ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မဲစာရင်းများ ကပ်ထားသည့်နေရာများကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဒဂုံတောင် အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မဲစာရင်းများ ကပ်ထားသည့်နေရာများကို တာဝန်ရှိသူများက ရပ်ကွက်များအလိုက် အဖွဲ့များခွဲကာ ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဌာနဆိုင်ရာများသည် ယမန့်နေ့ ၁၁ နာရီမှစတင်ကာ ရပ်ကွက်များ၌ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုကို ပြည်သူများ လာရောက်ကြည့်ရှုနေမှု ကွင်းဆင်းကြည့်ရှုပြီး ရပ်ကွက်တာဝန်ရှိသူများအား ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ ကပ်ထားကြေညာသည့် မဲစာရင်းများကို ပြည်သူများသိရှိစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် အခက်အခဲရှိပါက အချိန်နှင့်တပြေးညီ တင်ပြပေးရန်စသဖြင့် ဆွေးနွေးပြောကြားကြောင်း သိရသည်။

သန်းသန်းအေး (ပြန်/ဆက်)