ကျောက်တန်းမြို့နယ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဥ် (၂/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ကျောက်တန်း အောက်တိုဘာ ၁၂

ရန်ကုန်တိုင်း​ဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ် ပညာသင်တန်းအမှတ်စဥ် (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို တံတားမြို့၌ အောက်တိုဘာလ (၁၂)ရက်နေ့မွန်းလွဲ (၁၃)နာရီအချိန်က ကျင်းပခဲ့သည်၊

အခမ်းအနားတွင် တံတားမြို့ မြို့အုပ်ချုပ်​​ရေးမှူး ဦးရန်အောင်မျိုးထက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းမှ သင်းတန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့‌သည် အဆိုပါသင်တန်းကိုတံတားမြို့ မြို့အုပ်ချုပ်​​ရေးမှူး ဦးရန်အောင်မျိုးထက်နှင့် တာ၀န်ရှိသူများ၊ ကျောက်တန်ူမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့် တာ၀န်ရှိသူများသင်တန်းကို ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုများ၊ သင်တန်းသားများ စုစုပေါင်းအင်အား  (၆၀)ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းသားများအား မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်အတွက် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၂)ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။

သန့်ဇင်ထွန်း