ကျောက်ဆည်မြို့နယ် ရပ်ကွက်/ကျေးရွာများ၌ စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ

ကျောက်ဆည် အောက်တိုဘာ ၁၂

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း အနေဖြင့်  ခရိုင်အတွင်းရှိ ပြည်သူများ စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ မင်းရပ်ရပ်ကွက်နှင့် ခတက်ကုန်းကျေးရွာများ၌ စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာ၌ မင်းရပ်ရပ်ကွက်ပြည်သူများအတွက် ဒေါ်စန်းစန်းဌေး နေလသုခ-၂  စားသုံးဆီ လက်လီလက်ကား ရောင်းဝယ်ရေးဆိုင်မှ စားအုန်းဆီ  ပိဿာ ၁၃၂၀ ၊ ခတက်ကုန်း ကျေးရွာပြည်သူများအတွက် ဒေါ်သီတာ စစ်ငြိမ်း စားသံဒးဆီလက်လီလက်ကားရောင်းဝယ်ဆိုင်မှ စားအုန်းဆီ ပိဿာ ၁၁၀ ရောင်းချပေးခေဲ့ကြောင်း သိရှိရပြီး ရောင်းချရာ၌ တစ်ပိဿာလျှင် ကျပ် ၇၇၂၀ နှုန်းဖြင့် မိသားစုတစ်စုလျင် ဆီနှစ်ပိဿာနှုန်းရောင်းချပေးခြင်းဖြစ်ကြောင်းသိရသည်။

သက်မောင်-ကျောက်ဆည်