နမ့်စန်(တ) အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၅ ရက်မှစတင်၍ကျင်းပလျက်ရှိရာ ယမန်နေ့ညနေပိုင်းက ရှုံးထွက်(ကွာတားဖိုင်နယ်)နောက်ဆုံးပွဲစဉ်ကို မြို့နယ်ကျောက်တိုင် အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။
ညနေ၃နာရီတွင် ကွာတားဖိုင်နယ်နောက်ဆုံးပွဲစဉ်အဖြစ် အမှတ်၅ကျေးရွာဘောလုံးအသင်းနှင့် အမှတ်(၉)ကျေးရွာ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အမှတ်(၉)ကျေးရွာဘောလုံး အသင်းက ၂ဂိုး ၁ ဂိုးဖြင့် အနိုင်ရသည်။
အကြိုဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်) ပွဲစဉ်များကို အောက်တိုဘာ ၁၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီးပထမပွဲစဉ်အဖြစ် အမှတ်(၅)ရပ်ကွက်ဘောလုံးအသင်းနှင့် အမှတ်(၄)ရပ်ကွက် (က) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ဒုတိယပွဲစဉ်အဖြစ် ခိုလမ်မြို့ဘောလုံးအသင်း နှင့် အမှတ်(၉)ကျေးရွာဘောလုံးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားမှူး ဦးအောင်ကိုကို ထံမှသိရသည်။
သူရအောင်(နမ့်စန်)