ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ချမ်းအေးသာစံ အောက်တိုဘာ ၁၂

၂၀၂၅- ၂၀၂၆ ပညာသင်နှစ်  ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရန်အတွက် ရည်ရွယ်ကာ မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ် အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်း၌ အောက်တိုဘာ ၁၁ရက်မှ စတင်ကျင်းပခဲ့ရာ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသည်။

မြို့နယ်အဆင့်စွမ်းရည်မြှင့်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ရာ Grade-5 မှ Grade-9 အထိ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၁၆၃)ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၇၃ ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ဝါဝါကျော်နှင့် တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ အသိဥာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စွမ်းရည်မြှင့်တင်ပြိုင်ပွဲများအား စဥ်ဆက်မပြက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ဝါဝါကျော်ထံမှ သိရသည်။

ချမ်းမြေ့မောင်