မြစ်သားမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာ၊  သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ     

မြစ်သား   အောက်တိုဘာ    ၁၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  မြို့နယ်အဆင့် အင်္ဂလိပ်စာ၊  သင်္ချာစွမ်းရည်ပြိုင်ပွဲကို   ယနေ့နံနက်၉နာရီက မြစ်သားမြို့အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌  ကျင်းပသည်။

အဆိုပါ မြို့နယ်အဆင့်အင်္ဂလိပ်စာ၊သင်္ချာ စွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ  ၁၁ ရက်နှင့်  ၁၂ ရက် တို့တွင် ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၅၅)ဦးတို့ ဝင်ရောက်ဖြေဆိုလျှက်ရှိကြောင်းသိရသည်။ ကျောင်းသား၊ ကျောင်သူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက်  မြို့နယ်ပညာရေးမှူးကဦးဆောင်ပြီး အခြေခံပညာ‌ကျောင်းများမှကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများဆရာ၊ ဆရာမများက အနီးကပ် စောင့်ကြပ်ပေးခဲ့‌‌ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

 ဝါဝါမြင့်(မြစ်သား)