မန္တလေး အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ပြည်ကြီးတံခွန်မြို့ပေါ်ရှိ စေတနာရှင်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာအလှူရှင်ပြည်သူများက စာဖတ်ရှိန်မြှင့်တင်ရေးပွဲအတွက် စာရေးကိရိယာများ၊ အရုပ်များကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၁၁ နာရီက လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းရာတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့်ဦးစီးအရာရှိ ဒေါ်ခင်စောလွင်တို့က လက်ခံရယူခဲ့ပြီး စာရေးကိရိယာစ္စည်းများဖြစ်သည့် ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ဘောပင်၊ ကွန်ပါဗူး၊အမွှေးပွရုပ်များ စုစုပေါင်းပစ္စည်းတန်ဖိုး ဆယ့်နှစ်သိန်းနှစ်သောင်းကိုးထောင့်တစ်ရာရှိကြောင်း သိရသည်။
ဇင်မင်းမောင်