ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးရုံး မြို့ပြရှာဖွေကယ်ဆယ်ရေး(Light Urban Search And Rescue Team) ဖွဲ့စည်းနိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

တောင်ဥက္ကလာပ    အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က မြို့ပြရှာဖွေကယ်ဆယ်ရေး(Light Urban Search And Rescue Team) ဖွဲ့စည်းနိုင်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်မှုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက မျက်မှောက်ခေတ်ကာလမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များ‌ကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ငလျင်‌ဘေးအန္တရာယ်အပါအ၀င် သဘာ၀‌ဘေး အန္တရာယ်များ မကြာခဏဆိုသလို ဖြစ်‌ပေါ်ကြုံ‌တွေ့နေရသည့်အတွက် ဒီလို‌ဘေးအန္တရာယ်ကို‌ ရှေ့တန်းကျကျ တုံ့ပြန်ရင်ဆိုင်ကြရမည့် မီးသတ်တပ်ဖွဲ့၀င်‌တွေရဲ့ ရှာ‌ဖွေကယ်ဆယ်‌ရေး လုပ်ငန်းစွမ်း‌ဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာ‌စေရန်၊ နိုင်ငံတကာမှာ အသုံးပြုနေသော ခေတ်မီအဆင့်မြင့်ရှာဖွေကယ်ဆယ်‌ရေးသုံးပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်‌စေရန်နှင့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ရှာ‌ဖွေကယ်ဆယ်‌ရေး နည်းစနစ်များကို စာ‌တွေ့လက်‌တွေသင်ကြားပြီး သင်တန်းက သင်ကြား‌ပေးလိုက်တဲ့ သင်ခန်းစာများ၊  ရှာ‌ဖွေကယ်ဆယ်ရေး နည်းစနစ်များကို ဆက်လက်‌လေ့ကျင့် ဆောင်ရွက်‌နေကြဖို့ အသိ‌ပေးမှာကြားပြီး မိမိ‌ဒေသကို ပြန်လည်‌ရောက်ရှိတဲ့အခါ မီးသတ်ဦးစီးဌာနရဲ့လုပ်ငန်းများကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ လုပ်ကိုင်ကြပြီး မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာ၀န်(၄)ရပ်နှင့်အညီ မီးသတ်တပ်ဖွဲ့ရဲ့လုပ်ငန်းတာ၀န်များကို ဦးလည်မသုံး ကြိုးပမ်း‌ ဆောင်ရွက်သွားကြရန် သင်တန်းဆင်း အမှာစကား‌ ပြောကြားခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက မြို့ပြရှာဖွယ်ကာဆယ်‌ရေး(Light Urban Search And Rescue Team) ဖွဲ့စည်းနိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုသင်တန်းမှ သင်တန်းသားများ အား သင်တန်းဆင်းလက်မှတ်‌ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါသင်တန်းကို (၁၅.၉.၂၀၂၅)ရက်နေ့မှ (၁၀.၁၀.၂၀၂၅)ရက်နေအထိ ရက်သတ္တပတ် ၄ ပတ် တိုင်တိုင် သင်တန်းသား(၂၀)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)