ပြင်ဦးလွင်မြို့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အလှူရှင်များမှ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

ပြင်ဦးလွင် အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အလှူရှင်များမှ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဆက်လက်ပြီး  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က ထောက်ပံ့လှူဒါန်းခြင်းနှင့်ပတ်သက်၍  အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က ဆေးရုံသုံးပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ရာ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီး(ကိုယ်စား) ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးမှ လက်ခံရယူခဲ့သည်။

ထို့နောက် ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းနှင့်ပတ်သက်၍ နောင်ချိုမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး (ကိုယ်စား) ပြင်ဦးလွင်မြို့၊ ခုတင်-၃၀၀ ဆံ့ ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)