တိုက်ကြီးမြို့နယ်၌ VDP စီမံကိန်းဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းနှင့် RBF စီမံကိန်းဖြင့် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

တိုက်ကြီး အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက VDP စီမံကိန်းဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေ အနေနှင့် RBF စီမံကိန်းဖြင့် အောင်မြင်အဖွဲ့မှ CP အသားတိုးဝက် မွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေမှုအား ယနေ့နံနက်ပိုင်းက တိုက်ကြီးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် စီမံကိန်းဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုက်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်နှင့်အဖွဲ့သည် အိုင်ကလောင်ကျေးရွာ၌ VDP စီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးရာ ကျေးရွာပြည်သူများက လိုက်လံရှင်းလင်းပြသသည်။ ဆက်လက်၍ အိုင်ကလောင်ကျေးရွာ၌ RBF စီမံကိန်းဖြင့် အောင်မြင် အဖွဲ့မှ CP အသားတိုးဝက် မွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ဆိတ်သာကျေးရွာတွင် VDP စီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ စီမံကိန်းတာဝန်ခံက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေကို တင်ပြဆွေးနွေးမှုအပေါ် ခရိုင်ဦးစီးမှူးက လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)