ဆီဆိုင် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပေး လျက်ရှိရာ လာရောက်ကြည့်ရှုကြသည့် ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် မဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အောင်ချမ်းသာရပ်ကွက်ရှိခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာပေးနေမှုကို လာရောက်ကြည့်ရှုကြသည့် အောင်ချမ်းသာ ရပ်ကွက်ရှိ ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းတို့က မြန်မာ အီလက်ထရောနစ် မဲပေးစက်(MEVM)အကြောင်းနှင့် မဲပေးစက်အသုံးပြုပုံ အသုံးပြုနည်းများအား အသိပညာပေးရှင်းလင်းပြောကြားပြီး မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် စမ်းသပ် မဲပေးခြင်းတို့ကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှု၊ (MEVM) ဖြင့် မဲပေးနည်းအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ဆောင်ရွက် ပေးနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ကျော်ရန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များတို့က လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)