ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ခြင်ဆေးခွေမီးထွန်းရာမှ မီးလောင်မှုဖြစ်ပွား

ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၅) ရပ်ကွက်၊ ကျန်စစ်သားကျောကပ်လမ်းတွင် ယမန်နေ့ည ၇:၁၅ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူးဦးညီညီထွန်းနှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၁၉) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦးတို့က မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၁၉:၃၁ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၉:၃၅ အချိန်တွင် မီးငြှိမ်း နိုင်ခဲ့သည်။

ဖြစ်စဉ်မှာ အောက်ခံခွက်မပါဘဲ ခြင်ဆေးခွေမီးထွန်းခဲ့ရာ ခြင်ဆေးခွေလဲကျပြီး အနီးရှိစက္ကူများ ပေါ်သို့ကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် (၁၀x၂၀)ပေ သွပ်မိုး၊ ကျောက်ပြား ကာ၊ ပျဉ်ခင်း လူနေအိမ်(၁)လုံးနှင့် အတွင်းပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

 ဖြိုးစန္ဒာ(ပြန်/ဆက်)