လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် သီတင်းကျွတ်မီးထွန်းပွဲတော်၊‌ ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေရေးအစီအစဉ်များဖြင့် ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် သီတင်းကျွတ်မီးထွန်းပွဲ‌‌တော် ဖျော်ဖြေရေးအစီအစဥ်အဖြစ် ဈေးရောင်းပွဲတော်များကို ယမန်နေ့ ည (၈)နာရီ၌ အမှတ်(၇)ရပ်ကွက် ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းရှိ ဘုရင့်နောင်တိုးချဲ့ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သီတင်းကျွတ်ကာလအတွင်း ပြည်သူအများ စိတ်အပန်းဖြေပျော်ရွှင်ကြည်နူးစေရန် ကလေး၊ လူကြီးပါဝင်သော အပျော်စီးချားနှင့် ရဟတ်များ၊ ပင်လယ်ဓါးပြ၊ ဘောလုံးပစ်နှင့် ဂိမ်းကစားနည်းအမျိုးမျိုးတိုကို ပျော်ရွှင်စွာ ပါဝင်ကစားနိုင်ကြောင်း သိရသည်။

ပွဲတော်တွင် မုန့်ဆိုင်များ၊ အစားအစာအရောင်းဆိုင်များ၊ ဈေးဆိုင်များ၊ ခင်းကျင်းရောင်းချပေးလျက်ရှိပြီး ဖျော်ဖြေရေးအစီအစဉ်တွင် ညပိုင်းအချိန်၌ မီးပုံးပျံများ လွှင့်တင်ခြင်း၊ ရောင်စုံမီးရှုးမီးပန်းများအား ဖောက်လွှင့်ခြင်းများလည်း ပါဝင်ကြောင်းသိရသည်။

ထို့ပြင် သီတင်းကျွတ်ကာလ ဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲ‌တော်တွင် အင်းစိန်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းဇော်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား five star အငြိမ့်အဖွဲ့အား ဂုဏ်ပြုချီးမြင့်ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့၀င်များ၊  မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၀င်၊ ကျန်းမာရေးဆရာမများနှင့် ကြက်‌‌ခြေနီတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်ရေးပေးလျက်ရှိကြောင်းနှင့် ဖျော်ဖြေရေးတေးဂီတ DJ အဖွဲ့များနှင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)