ရန်ကုန်အနောက်ပိုင်းဆေးရုံ၌ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲကလေးများအား အခမဲ့ခွဲစိတ်ကုသ

ကြည့်မြင်တိုင်    အောက်တိုဘာ   ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၌ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲကလေးများအား အခမဲ့ခွဲစိတ်ကုသပေးခြင်းကို အောက်တိုဘာ ၆ ရက်မှစတင်၍ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ခွဲစိတ်ကုသပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကုသရေးဦးစီးဌာန နှင့် ကိုးရီယားနိုင်ငံတကာ(NGO)အဖွဲ့အစည်းဖြစ်သည့် World Human Bridge တို့မှပူးပေါင်း၍ ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံကြီးတွင် နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ကလေးများအား အခမဲ့ခွဲစိတ်ကုသပေးပေးခဲ့ကြောင်းသိရသည်။ အဆိုပါ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ကလေးများအား အခမဲ့ခွဲစိတ်ကုသပေးခြင်းကို အောက်တိုဘာ ၆ ရက်မှ ၈ ရက်အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)