ကျောက်ဆည် အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ဆုတောင်းပြည့်ဘုရားတွင် ယနေ့နံနက် (၅)နာရီက ဆင်လှုပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေသာလျောင်း၊ လေးမျက်နှာ၊ ရွှေမုဌောဘုရားများ၏ ဦးစီးနာယကပဓာန ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တဦးစက္ကိန္ဒာဘီဓဇအမှူးပြုသော ပင့်သံဃာဆရာတော် (၁၁)ပါးအား ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်နှင့် မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် အဖွဲ့ဝင်များ၊ ပြည်သူများက အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမည့် ဆင်များအား ရွှေရည်ငွေရည်ပက်ဖျန်းကာ ရွှေသာလျောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား လက်ယာရစ်သုံးပတ်လှည့်လည်၍ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ရွှေသာလျောင်း၊ လေးမျက်နှာ၊ ရွှေမုဌောဘုရားများ၏ ဦးစီးနာယကပဓာနဩဝါဒ စရိယဆရာတော်ဘဒ္ဒန္တဦးစက္ကိန္ဒာဘီဓဇအမှူးပြုသော ပင့်သံဃာဆရာတော်များက အန္တရာယ်ကင်းပရိတ်တရားများ ရွတ်ဖတ်ပူဇော်ခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရှိရသည်။
သက်မောင်