မြစ်သားမြို့နယ်တွင် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့၌ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံများတွင် ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကား

မြစ်သား  အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါ‌ တော်နေ့၌ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံများတွင် ယနေ့နံနက်(၈)နာရီခွဲအချိန်က သက်ကြီးအဘိုး/အဘွားများ၊ ဒေသခံပြည်သူများ ဥပုသ်သီလဆောက်တည်သူများ စည်းကားလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့အဘိဓမ္မာအခါ‌တော်နေ့၌ မြို့ဦးပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်း၊ ပေတောပရဟိတဘုန်းတော်ကြီးကျောင်း၊ နေရှင်နယ်ပရဟိတဘုန်းတော်ကြီးကျောင်း၊ ခရားပင်ဘုန်းတော်ကြီးကျောင်း၊ တည်တော်ရာဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်အလိုက် ဓမ္မာရုံများတွင် ဧည့်ခံကျွေးမွေး၍ ကုသိုလ်ယူသူများနှင့် သက်ကြီးအဘိုး/အဘွားများ၊ ဒေသခံပြည်သူများ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့၌ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်း၊ ကမ္မဋ္ဌာန်းတရားစီးဖြန်းခြင်းများအား စိတ်အေးချမ်းသာယာစွာကောင်းမှု ကုသိုလ်ပွားများ၍စည်ကားလျက်ရှိပြီး ညပိုင်းတွင် ဆီမီးများထွန်းညှိပူဇော် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)