ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်လှစ်

သာကေတ အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ဦးဆောင်မှုဖြင့် သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် လူငယ်ရေးရာအထောက်အကူပြုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲက သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုအလုပ်အမှုဆောင် တပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်က အမှာစကားပြောကြားပြီး လူငယ်ရေးရာအထောက်အကူပြုကော်မတီမှ ဒေါ်တင်တင်လှိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်က သင်တန်းသား/သူများအား စိတ်ဓါတ်ခွန်အားပေး လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုအလုပ်အမှုဆောင် တပ်ဖွဲ့မှူးချူပ် ဦးကျော်မိုးကြည်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဋ္ဌေးအောင်၊ လူငယ်ရေးရာ အထောက်အကူပြုကော်မတီမှ တာဝန်ရှိသူများ၊ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဌာနချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ သင်တန်းနည်းပြများက သင်တန်းသား/သင်တန်းသူ (၁၇၃)ဦးအား အောက်တိုဘာ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ (၃)ရက်တာ စာတွေ့၊ လက်တွေ့များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အိရွှေစင်လတ်(သာကေတ)