သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခရီးသွားဘုရားဖူးပြည်သူ တစ်သိန်းခွဲကျော်ဝင်ရောက်

ညောင်ဦး  အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ သီတင်းကျွတ်လပြည့်(အဘိဓမမ္မာအခါတော်)နေ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ခရီးသွားဘုရားဖူးပြည်သူ တစ်သိန်းခွဲကျော် လာရောက်ဖူးမြော်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှူးဦးစီးဌာန(ပုဂံ)ရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်ထံကသိရသည်။

ရုံးလေးရက်ဆက်ပိတ်ခြင်းနှင့်အတူ သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း မြန်မာပြည်အရပ်ရပ်မှ ခရီးသွား ဘုရားဖူးပြည်သူများ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ သမိုင်းအထင်ကရဘုရားများ၊ သာသနိက အဆောက်အအုံများ၊ အပန်းဖြေဆင်စခန်းတို့တွင် ခရီးသွားများဖြင့် စည်ကားနေကြောင်း ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ကပြောကြား၍သိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရောက်ရှိလာကြသည့် ခရီးသွားဘုရားဖူးများသည် ဘုရားဈေးတန်းများတွင် ရောင်းချနေသည့် ပုဂံသမိုင်းစာအုပ်များ၊ ပုဂံသုတေသနစာအုပ်များ၊ ပုဂံသမိုင်းရုပ်ပြစာအုပ်များ၊ ပုဂံဒေသထွက် ယွန်းပစ္စည်အမျိုးမျိုး၊ မန်ကျည်းပလိပ်၊ မန်ကျည်းတော်ဖီ၊ ပုဂံဒေသထွက် ပုဂံရောက်အမှတ်တရ အဝတ်အစားများ၊ ထန်းလျက်နှင့်ထန်းလျက်အမျိုး မျိုးဝယ်ယူမှုများပြားလျက်ရှိကြောင်း၊ E-Bike များဖြင့် အဖွဲ့လိုက်ငှားယူစီးနင်းမှု များပြားလျှက်ရှိသကဲ့သို့ လက်ရေးပန်းချီဆွဲသူများ  လက်အလှပန်းချီရေးဆွဲသူများလည်း စည်ကားပြားလျှက်ရှိကြောင်း၊ ဆုတောင်းပြည့်ဘုရား ငါးဆူရှိသည့် ရွှေဆံတော်ဘုရားရှိ ဆုတောင်းပြည့်ဘုရား၊ တာမဏီသိမ်ကျောင်းရှိ ဆုတောင်းပြည့်ဘုရား၊ ဓမ္မရာဇကဘုရားရှိ ဆုတောင်းပြည့်ဘုရားနှစ်ဆူ၊ လောကနန္ဒာဘုရားရှိ ဆုတောင်းပြည့်ဘုရား၊တို့တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားနေပြီး ရွှေသင်္ကန်း ကပ်လှူသူများဖြင့် စည်းကားလျက်ရှိ ကြောင်းသိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လေ့လာရေးခရီးသွား ဘုရားဖူးများ များပြား လျှက်ရှိနေကာ ရွှေစည်းခုံဘုရား၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ မဟာငှက်ပစ်တောင်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ အလိုတော်ပြည့်ဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ဗူးဘုရား၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ စူဠာမဏိဘုရား၊ ပြဿာဒ်ကြီးဘုရား၊ ဗူးဘုရား၊ ဓမ္မရာ ဇကဘုရား၊ မြစေတီဘုရား၊ မနုဟာဘုရားတွင် ဘုရားဖူးများ ကြက်ပျံမကျစည်ကားလျက် ရှိနေကြောင်းသိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရား များအပြင် နံရံဆေးရေးပန်းချီရှိသည့် ဘုရားများ၊ ဗိသုကာလက်ရာလေ့လာလိုသူများ၊ ပါဠိစာ၊ မင်စာလေ့လာလိုသူများလည်း ပုဂံဘုရားများတွင် လေ့လာသူများပြားလျက်ရှိကြကာ စားသောက်ဆိုင်များ၊ အဝတ်အထည်ရောင်းချလျက်ရှိသည့်ဆိုင်များ၊ ပုန်းရည်ကြီး အရောင်းဆိုင်များ၊ ပုဂံအမှတ်တရပစ္စည်းဆိုင်များ၊ မြင်းလှည်းအငှားလိုက်သူများ၊ မီနီအိုးဝေ အငှားလိုက်သူများ၊ပြည်တွင်းဧည့်လမ်းညွှန်များအဆင်ပြေနေကြကာ ဟိုတယ်၊မိုတယ်၊ တည်းခိုခန်းများ အားလုံးပြည့်နေပြီဖြစ်ကြောင်းသိရသည်။

ဒီပါလင်း