စမ်းချောင်း အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက် နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ ရက်နေ့ နံနက်မှစတင်၍ သက်ဆိုင်ရာရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်ရုံးများ၌ ကြေညာထားလျက်ရှိရာ အောက်တိုဘာလ (၅) ရက်နေ့တွင်လည်း ပြည်သူများလာရောက် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၈) ရပ်ကွက်တွင်မဲရုံ (၃၆) ရုံရှိပြီး၊ ပထမအကြိမ် မဲဆန္ဒရှင် ပြည်သူစာရင်းမှာ (၄၉၆၂၁)ဦး၊ ကရင်တိုင်းရင်းသား (၁၀၀၈)ဦး၊ ရခိုင်တိုင်းရင်းသား (၁၆၅၀) ဦး ရှိကြောင်း သိရသည်။
ဖြူသွယ်ထွန်း