ကွမ်းခြံကုန်းမြို့နယ်၌ (၁၁၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရား‌လှည့်လည်အပူဇော်ခံပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ကွမ်းခြံကုန်း အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့မရပ်ကွက်တွင် (၁၁၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားများလည့်လည် ပူဇော်ခံပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၊ မြို့မရပ်ကွက်၊ မြို့ဓမ္မာရုံတွင် ကိန်ဝပ်စံပယ်တော်မူသော နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားအား မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲတော်ကို နှစ်စဥ်သီတင်ကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် အပူဇော်ခံခြင်း၊ မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အရှင်သူမြတ်နှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် အလှူရှင်များက ဆွမ်းဆန်တော်လောင်းလှူခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/‌ဆက်)