ကျောက်တံတား အောက်တိုဘာ ၅
စာရေးဆရာ ခင်မောင်ဌေး(ပညာရေး)၏ မြို့ပခယောင်းလမ်းနှင့် ချိုချိုခါးခါးဘဝစာမျက်နှာများ စာအုပ်သစ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်းခေတ်မီ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးမြင့်ရွှေက အမှာစကားပြောကြား ပြီးနောက် အမျိုးသားစာပေဆုရ စာရေးဆရာများဖြစ်ကြသည့် မောင်ခြိမ့်၊ တင်ညွန့်နှင့် အမျိုးသား စာပေဆု(တစ်သက်တာစာပေဆု)၊ စာပေအလင်္ကာဆုရ သူရဇော်တို့က မုဒိတာစကားများ ပြောကြားကြသည်။
ဆက်လက်၍ စာရေးသူ ခင်မောင်ဌေး(ပညာရေး)က မြို့ပြခယောင်းလမ်းနှင့်ချိုချိုခါးခါးဘဝ စာမျက်နှာများ စာအုပ်ဖြစ်တည်လာရာလမ်းကြောင်းနှင့် ချိုချိုခါးခါးဘဝစာမျက်နှာများ အကြောင်းပြောကြားပြီးနောက် ပညာ့အလင်းခေတ်မီစာကြည့်တိုက်သို့ စာအုပ်များပေးအပ် လှူဒါန်းရာ စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာမ ညွန့်ညွန့်(ကလော)က လက်ခံရယူသည်။
ထို့နောက် တေးသံရှင်မေပြင်ဦးလွင်နှင့်အဖွဲ့က မြန်မာတေးသံသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)