ပင်းတယ အောက်တိုဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်ဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပညာရေးမိသားစုမှ ကြီးမှူးကျင်းပသည့်၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့နှင့် သက်ပြည့်ပင်စင်စားဆရာကြီး ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားအား အပူဇော်ခံဆရကြီးဆရာမကြီးများအား “အနန္တငါးဖြာမြတ်ဆရာ" သီချင်းဖြင့် သီဆိုပူဇော်၍ ဖွင့်လှစ်ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း မှဝမ်းမြောက် စကားပြောကြားရာတွင် “ဆရာတို့၏စွမ်းရည်၊ ဆရာတို့၏အခန်းကဏ္ဍ ဆရာတို့ဘဝ မြင့်တင်ဖို့ (World Teacher Day) အဖြစ် ၁၉၆၆ခုနှစ်ကတည်းကပင် အောက်တိုဘာ (၅) ရက်နေ့ကို သတ်မှတ်ခဲ့ကြပြီး ၁၉၉၄ ခုနှစ်မှစ၍ ကမ္ဘာ့ဆရာများနေ့ကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပခဲ့ကြကြောင်း ယနေ့နိုင်ငံတော်ကို တာဝန်ယူအုပ်ချုပ်နေသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အနေဖြင့်လည်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေဖို့ ဆရာများ၏အခန်းကဏ္ဍကို အလေးအနက်ထား စီမံဆောင်ရွက်လျက်ရှိပြီး အရည်အသွေးပြည့်ဝသည့် ဆရာများဖြင့်သာ အရည်အသွေးပြည့်ဝသည့် ပညာရေးဖြစ်ထွန်းနိုင်သဖြင့်ဆရာများအတွက် ဆရာ့အတတ်ပညာ၊ ဆရာ့အတတ်ပညာနည်းဥပဒေ၊ ဆရာ့အတတ်ပညာဆိုင်ရာ မူဝါဒနှင့် ဆရာ့အတတ်ပညာဆိုင်ရာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစိတ် မဟာဗျူဟာစီမံကိန်းများကို ပြဋ္ဌာန်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံတော် အေးချမ်းသာယာပြီး စည်ပင်ဝပြောဖို့ ပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရနှင့် လက်တွဲ၍ ပညာရေးကဏ္ဍဖွံ့ဖြိုးစေရန် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ကမ္ဘာ့ဆရာများနေ့ ကျင်းပရေးကော်မတီသို့ အလှူငွေကျပ် ၅၀၀၀၀ဝိ/- (ငါးသိန်း) ကိုလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုနောက် အပူဇော်ခံဆရာကြီးဆရာမကြီးများအား မြတ်ဆရာသီချင်းဖြင့် သီဆိုပူဇော်ခဲ့ကြပြီး ဒုတိယမြို့နယ်ပညာရေးမှူးတို့က ဂါရဝပြုဝမ်းမြောက်စကား ပြန်လည်ပြောကြားပေးကာ အပူဇော်ခံဆရာကြီး ဆရမကြီးများအား ဂါဝရပစ္စည်းများဖြင့် ပူဇော်ကြရာ အပူဇော်ခံဆရာကြီး တစ်ဦးမှ ဩဝါဒစကား ပြန်လည်မြွက်ကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အောင်ကိုဦး