ကျိုင်းတုံ အောက်တိုဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယနေ့တွင် အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း သံလွင်ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်သဝဏ်လွှာကို ဖတ်ကြားပြီး ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)ကျိုင်းတုံမှ ညွှန်ကြားရေးမှူး ဒေါ်နော်ရုသ်က ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သော ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စုပေါင်းသဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး အခြေခံပညာဦးစီးဌာနမှ အငြိမ်းစားယူခဲ့သော ကန်တော့ခံ အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီး (၆၇)ဦးအား ဂါရဝပြုငွေသားများနှင့်အတူ စုပေါင်းကန်တော့ခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)