၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရန်အတွက် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာ

လှိုင်သာယာ(အနောက်) အောက်တိုဘာ ၅

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရန် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာထားခြင်းကို အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူစာရင်း(နည်းဥပဒေ-၄)တွင် ပါဝင်သည့်မဲဆန္ဒရှင် ပြည်သူအမည်စာရင်းများအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက စက်တင်ဘာလ(၃၀)ရက်နေ့မှစတင်၍ ကြေညာလျက် ရှိကြောင်း သိရသည်။

 အဆိုပါမဲဆန္ဒရှင်ပြည်သူ အမည်စာရင်းများ ကြေညာကပ်ထားခြင်းကို  မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့အမည်စာရင်းများကို ကြည့်ရှုနိုင်ပြီးမပါဝင်ပါက ပုံစံ (၃) ဖြင့် လည်းကောင်း၊ အချက်အလက်မပြည့်စုံပါက ကန့်ကွက်လိုလျှင် ပုံစံ (၄)ဖြင့်လည်းကောင်း တင်ပြဆောင်ရွက်နိုင်ကြောင်း မဲစာရင်းကြေညာထားခြင်းမဲစာရင်းများကို ပြည်သူများ မသိသူမရှိ စေရန် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများက အသံချဲ့စက်များဖြင့်လှည့်လည်နှိုးဆော်ပေးကြသည်။

ယင်းမဲစာရင်းများကို ပထမအကြိမ်အဖြစ် ၃၀.၉.၂၀၂၅ နေ့မှ ၁၃.၁၀.၂၀၂၅ နေ့ထိ ကြေညာသွားမည်ဖြစ်ပြီး နောက်ဆုံးအကြိမ် မဲဆန္ဒရှင်ပြည်သူများစာရင်းကို နိုဝင်ဘာလတွင် ထပ်မံ ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)