တွံတေးမြို့နယ်၌ သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

တွံတေး  အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ကျက်သရေဆောင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပလျက်ရှိရာ ယမန်နေ့ ညပိုင်းအချိန်တွင်  အနယ်နယ်/အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော်တွင် သီတင်းကျွတ်လဆန်း (၆)ရက်နေ့မှစတင်၍ ဘုရားပရဝဏ်အတွင်း မီးများအလှဆင် ထွန်းညှိခြင်း၊   ဘုရားဖူးပြည်သူများ ဆီမီးများ ထွန်းညှိ ပူဇော်ရန် ဆောင်ရွက်ထားရှိခြင်း၊ ဘုရားဖူးပြည်သူများစိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်စေရန် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊   မြို့နယ်အတွင်းရှိ  ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့် ရပ်ကွက်များအတွင်းရှိ လမ်းသွယ်၊ လမ်းကြား၊ လမ်းမကြီးများတွင် အလှမီးများထွန်းညှိခြင်း၊ စတုဒီသာကျွေးမွေးခြင်းများ ပြုလုပ်ဆောင်လျက်ရှိသကဲ့သို့ ပျော်ပွဲရွှင်ပွဲများ၊ စျေးအရောင်းဆိုင်များ၊ ကလေးကစားကွင်းများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

မျိုးလှိုင် တွံတေး