တန့်ယန်း အောက်တိုဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို “မြတ်ဆရာ”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အသက် (၇၀)နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး (၁၄)ဦးတို့အား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုး၊ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးစိုင်းစံထွန်းနှင့် တက်ရောက်လာကြသူများက ကန်တော့လက်ဆောင်ပစ္စည်းများကို ပေးအပ်ကြသည်။
ယင်းနောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ ကိုယ်စား အငြိမ်းစား ဆရာကြီး ဦးမြင့်စိုးနှင့် ဆရာကြီး ဦးသန်းတင်တို့က ဆုတောင်းမေတ္တာ သြဝါဒစကား ပြောကြားခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)