ကျောက်တန်း အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅ခုနှစ်အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ၅ .၁၀.၂၀၂၅ရက် နံနက် ၀၉ ၀၀ နာရီက ကျောက်တန်းမြို့၊ အလက ( မြို့မ) ကျောင်း၊ ရွှေသံလွင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွက်ဆိုပူဇော်၍ ဖွင့်လှစ်ခဲ့ပြီးကျောက်တန်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်တင်တင်ဝေမှ မြတ်ဆရာပူဇော်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။
ထို့နောက် သက်ကြီးကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး ၉၈ ဦးအား ကန်တော့ပွဲနှင့်အတူ ဆီးမီးထွန်းညှိပူဇော်ကာ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး အလှူငွေနှင့်ကန်တော့ခံ ပစ္စည်းများအား လှူဒါန်းခဲ့ကြသည်။
အခမ်းအနားကို ကျောက်တန်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သန်းဦး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ဝေနှင့် ကျောင်းအုပ်ဆရာဆရာမကြီးများ ဆရာ၊ ဆရာမများနှင့် သက်ကြီးကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သန့်ဇင်ထွန်း