နောင်ချို အောက်တိုဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးကုသခြင်းလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သီတာဦးက ကျန်းမာရေးအသိပညာပေး ဟောပြောပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၏ ပူးပေါင်းကူညီမှုဖြင့် ဆေးကုသပေးခြင်းများဆောင်ရွက်ခဲ့ရာ ကျား ၃၅ ဦး၊ မ ၄၄ ဦး စုစုပေါင်း ၇၉ ဦးအား ဆေးကုသပေးနိုင်ခဲ့ကြောင်း တိုင်းရင်းဆေးကုဌာနမှသိရသည်။
မြို့နယ်(ပြန်ဆက်)