၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လာရောက်ကြည့်ရှုအားပေး

ဇမ္ဗူသီရိ အောက်တိုဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီအဖွဲဝင်များဖြစ်ကြသော ဦးမြင့်စိုးနှင့် ဦးမင်းဦးတို့က ယမန်နေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီအဖွဲဝင်များဖြစ်ကြသော ဦးမြင့်စိုးနှင့် ဦးမင်းဦး၊  ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်လင်းဦးနှင့် အဖွဲ့ဝင်များ၊ ပျဥ်းမနားခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးကျော်လွင်နှင့် တာဝန်ရှိသူများက  မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားရှိမှုအား ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အထူးအလေးထားဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ မှာကြားသွားခဲ့ကြောင်း သိရှိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)